ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံနှင့် ရာဘာခြံအတွင်းကော်ဖီသီးညှပ်စိုက်ပျိုးထားမှုကြည့်ရှုစစ်ဆေး

ပုသိမ် ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လည်ပိုင်းတွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံနှင့် ရာဘာခြံအတွင်းကော်ဖီသီးညှပ်စိုက်ပျိုးထားရှိမှုများအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေခြင်္သေ့ရာဘာခြံသို့သွားရောက်၍ ရာဘာခြံအတွင်း ရာဘာစိုက်ဧက (၆၀)ဧကရှိပြီး ရိုဘတ်စတာ(TR-4)ကော်ဖီသီးညှပ်စိုက်ဧကမှာ (၅.၅၀)ဧက စိုက်ပျိုး ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ ခြံပိုင်ရှင်မှ ကော်ဖီပင်များကို (၁.၂.၂၀၂၃)ရက်နေ့တွင် စတင်ပျိုးထောင်ခဲ့ပြီး (၉.၇.၂၀၂၄)ရက်နေ့တွင် စတင်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ကော်ဖီပင် များအား တစ်ရက်လျှင်နှစ်ကြိမ် ဆိုလာစနစ်ဖြင့် စနစ်တကျရေပေးမှုအခြေအနေများ၊ ရာဘာပင် ပေ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုးခြင်းဖြစ်ပြီး အစိုဓာတ်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးနိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေခြင်္သေ့ရာဘာခြံအတွင်း ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီပိုင်ရှင်က ရာဘာပင်များကို ၂၀၁၀ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ၁၀နှစ်သားအရွယ်တွင် ရာဘာအစေးများ စတင်ခြစ်ယူခဲ့မှု၊ နှစ်အလိုက်ရာဘာထွက်ရှိမှု၊ ရာဘာပြားများထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေများ ရှင်လင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊ ကုန်ကြမ်းများမှ ကုန်ချော ထုတ်လုပ်နိုင်သည်အထိ နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရာဘာစေးများအား ခဲကန်အတွင်းထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ အပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှု များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မြကန်သာ ရပ်ကွက်ရှိ တိုင်းဒေသကြီးအထွေထွေပိုလျှံရံပုံငွေဖြင့်ဆောင်ရွက်သည့် မြကန်သာ အပြင်ပတ်လမ်း (စိုက်သိပ္ပံလမ်း) ၄၃၀၀ပေ x ၁၂ပေ x ၆ လက်မ ကွန်ကရိခင်းခြင်းနှင့် လမ်းဘေးမြေသားဖို့ခြင်း ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက မြကန်သာရပ်ကွက်၊ အပြင် ပတ်လမ်း ကွန်ကရိခင်းခြင်းလုပ်ငန်းအား နှစ်အလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ ကွန်ကရိလမ်းဘေးဝဲယာအား မြေသားဖို့ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများစနစ်တကျတူးဖော်ရန်၊ လမ်းပုခုံးများစနစ်တကျဖြစ်စေ ရန်၊ လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေး ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် လမ်းအရည်အသွေးပြည့်မီရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံ၍ ကွန်ကရိလမ်းသစ်အား ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်မှာကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ မြကန်သာ ရပ်ကွက်ရှိ အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) သည် စုစုပေါင်း ၈၅၅၆ ပေရှိပြီး ကွန်ကရိခင်းခြင်းလုပ်ငန်းအား ၆၅၇၂ ပေ ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းများအား ဘဏ္ဍာနှစ်အလိုက်ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

21-Apr-2025