ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားများတက်ရောက်

ပုသိမ် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင် တို့တွင် ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ရွှေတောင်စုကျေးရွာရှိ တောင်သူဦးသိန်းထွန်း၏ စိုက်ဧက(၁)ဧက၌ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တောင်သူများထံသို့ မျိုးစေ့များ ပေးအပ်ခဲ့ကာ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ပေးခဲ့ပြီးနောက် တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်စိုက်ဧကများတွင် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာ ပိုမိုကောင်းမွန်စေပြီး သွင်းအားစု ဓာတ်မြေသြဇာများလျော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုတိုးတက်လာနိုင်မည့်အခြေအနေများနှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ် (၃)ရပ်ကွက်တောင်သူ ဦးကြည်စိုး ၏စိုက်ဧက(၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲသို့ တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များ ပေးအပ်ခဲ့ကာ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ပေးခဲ့ပြီး သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များ ကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ဆွေးနွေး ပြောကြားခဲ့သည်။

20-Apr-2025