ဧရာဝတီဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် အကျနေ့(ဒုတိယနေ့)အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပ

ပုသိမ် ဧပြီ ၁၄

၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကျနေ့(ဒုတိယနေ့)ကို ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်လ၄င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၄င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အမွှေးနံ့သာ အတာရေများပက်ဖျန်းခဲ့ကြပြီး စတုဒိသာမဏ္ဍပ်တွင် မုန့်လုံးရေပေါ်၊ သာကူကြို၊ သင်္ကြန်ထမင်း စတုဒိသာကျွေးမွေး‌နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်လည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အေးချမ်းစွာ ကျင်းပလျှက်ရှိပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ရေကစားခြင်း၊ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်ခြင်းကို ရရှိနိုင်ရေးအတွက် သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဖော်ညွှန်းသောအားဖြင့် သနပ်ခါးလိမ်းသရုပ်ဖော်မှုများ၊ နှစ်သစ်ကူးတရားပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ ဇီဝိတဒါနငါးလွှတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ဘောဇနဒါယီကျောင်းဆောင်တွင် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်အလှူအဖြစ် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်လှူဒါန်းခဲ့ပြီး သာသနာ‌ေရးဆိုင်ရာ ကိစ္စရပ်များလျှောက်ထားဆောင်ရွက်ခဲ့ကြသည်။

14-Apr-2025