တိုင်းဒေသကြီးဝန်ကြီးချုပ် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြမည့်ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များ၊ ဘုရားဖူးပြည်သူများအား ပို့ဆောင်နှုတ်ဆက်

ပုသိမ် မတ် ၃၀

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဘုရားဖူးပြည်သူများအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကမ်းနားလမ်း မြေနုတံတားမှ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်‌မော် ကျေးရွာဆိပ်ကမ်းသို့ ရေယာဉ်များဖြင့် ဆက်လက်ထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး စာသောက်ဖွယ်ရာများနှင့် ရေသန့်ဗူးများ ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဘုရားဖူးပြည်သူများ စုစုပေါင်း ၄၂၀ ဦးအား ေရယာဥ်(၂)စီးဖြင့် ဘုရားဖူး ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

30-Mar-2025