တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများအား ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ပုသိမ် မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများအား ရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းခွင်များပြီးစီးရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ၂၉-၃-၂၀၂၅ ရက်နေ့ နံနက်တွင် ၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်အမျိုးသားသဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန် ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့၊အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်းဖြစ်သည့် Geotextole ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ၏ RD ၆၀၀ ပေ နှင့် RD ၇၀၀ ပေ အကြားတွင် အလျား ၅၅ ပေခန့်ရှိ မြေသားအက်ကွဲကြောင်းတစ်ုနှင့် RD ၇၀၀ ပေ နှင့် ၈၀၀ ပေအကြားတွင် အလျား၃၀ ခန့် မြေသားအက်ကွဲ ကြောင်း တစ်ခုတို့ ဖြစ်ပွားခဲ့ခြင်းအပေါ်ကွင်းဆင်းစစ်ဆေးရာ အက်ကွဲ ကြောင်းဖြစ်ပေါ်ခဲ့သည့်နေရာများတွင်မြေသားပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့်အစီအမံများ၊ Gotextile ကမ်းထိန်းတမံဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ porcupine များချထားပြီးစီးမှုအခြေအနေများ၊ သောင်တူးရေယာဥ် များဖြင့် မြစ်ဖြတ်မြောင်းဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ ခေါင်း ဆောင်များကရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ငလျင် ကြောင့်ဖြစ်ပေါ်လာသည့်အက်ကွဲကြောင်းများအား သတ်မှတ်စံနှုန်းများအတိုင်း ဂရုပြု၍ မြေသားပြုပြင်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ထားသည့်လုပ်ငန်းများအားရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ဆောင်ရွက်နေမှုအခြေအနေ၊ porcupine ၂၀၀၀ ခု ချထားမှုအခြအနေနှင့် မြစ်ဖြတ်မြောင်း အလျား ၂၆၃၀ မီတာ တူးဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ ဦးပါရဲချောင်း (ပျဉ်းမချောင်း)ရေပေါက်အတွင်း နုန်းဖမ်းကွန်ကရစ်ဆူးတောင် (Porcupine) ယူနစ် ၂ဝဝဝချထားခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ လှည့်လည်ကြည့်ရှုခဲ့စစ် ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ စတုမုခထူပါရုံ စေတီတော်ကြီးကမ်းပြိုကာကွယ်ရေးလုပ်ငန်းသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ေရလွှဲရေကာအမှတ် -၁၊ အမှတ် -၂၊ အမှတ်- ၃ ဆောင်ရွက်ထားရှိမှု၊ ကွန်ကရစ်ကျောက်ပြားများကပ်နေမှုများစသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအဆင့်ဆင့်နှင့် ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ် ဆေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအမံများရှင်းလင်းတင်ပြမှုအပေါ် အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် ရေရှည်တည်တံ့ရေးတို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ေကြာင်းသိရသည်။