ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမှုကြည့်ရှုအားပေး

ပုသိမ် မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၅ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့အား စာဖြေသံဃာတော်များဖြေဆိုနေမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းက တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဩဝါဒစရိယဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ပြီး  စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေအများ လျောက်ထားခဲ့ပြီး သံဃာတော်များအား၏ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အစိုးရဓမ္မာစရိယစာမေးပွဲ ပါရာဇိက ကဏ္ဍ ပါဠိအဋ္ဌကထာ ဒုတိယနေ့ အဖြစ် ပုသိမ်မြို့နယ်စာဖြေဌာနတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ စာဖြေသံဃာ (၆၁)ပါးဝင်ရောက်ဖြေဆိုခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန (၆)ခုတွင် သံဃာ(၃၄၉)ပါး၊ သီလရှင်(၄၇)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး မတ်လ (၂၅)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ ပါဠိပထမပြန်စာမေးပွဲကို  မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

26-Mar-2025