ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုများကိုည့်ရှုအားပေး

ပုသိမ် မတ် ၂၂

၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ပုသိမ်မြို့ပေါ်ရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ ဘာသာရပ်များအလိုက် စာမေးပွဲဖြေဆိုမှုနှင့် ဖြေဆိုနိုင်မှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအပြည့်အဝပေးနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးသည်အထိ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား ဖြေဆိုနေမှုများနှင့် ဖြေဆိုပြီးစီးမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ပြီး ဘာရပ်အလိုက် ဖြေဆိုနိုင်မှုအခြေအနေများကို မေးမြန်းခဲ့သည်။ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ကျင်းပသည့် ဇီဝဘာသာရပ်အား စုစုပေါင်းဝင်ရောက်ဖြေဆိုသူ( ၆၆၄၃ )ဦးရှိခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ( ၉၆.၉၁ )ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်အား စုစုပေါင်းဝင်ရောက်ဖြေဆိုသူ( ၂၅၅၈၉ )ဦးရှိခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း အားဖြင့် ( ၉၃.၃၂ )ရာခိုင်နှုန်းအသီးသီးရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၂)မှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့၊ ကမ်းနားလမ်း၊ တလိုင်းချောင်းရပ်ရှိ တိုးချဲ့ဆိပ်ခံတား (၂၀၀)ပေတည်ဆောက်ရေးလုပ်ငန်းနှင့် တလိုင်းချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်း အလျား(၁၅၉)ပေ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။

22-Mar-2025