ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိပ်ကုသရေးအစီအစဉ်အဖြစ် ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်ပေးနမှုများကို ကြည့်ရှုအားပေး

ပုသိမ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိပ်ကုသရေး အစီအစဉ်အဖြစ် ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မျက်စိခွဲစိပ်ပြီးစီးသည့် လူနာများအား မျက်မှန်များတပ်ဆင်ပေးခြင်းနှင့် မခွဲစိပ်ရသေးသည့် လူနာများကို အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကာ လူနာများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မျက်စိခွဲစိပ်ရန် လိုအပ်သည့် လူနာများကို မျက်စိခွဲစိပ်ပေးရာ ယမန်နေ့တွင် (၄၂)ဦးအားခွဲစိပ်ကုပေးခဲ့ပြီး ယနေ့တွင် (၄၀)ဦးအား ထပ်မံခွဲစိပ်ကုသပေးသွားမည်ဖြစ်ကာ ထပ်တိုးလူနာများရှိပါကလည်း ဆက်လက်ခွဲစိပ်ကုသပေးသွားဖြစ်ကြောင်းသိရပြီး ခွဲစိပ်ကုသခြင်းကို မတ်လ(၂၀)ရက်နေ့မှ (၂၄) ရက်နေ့အထိ ခွဲစိပ်ကုသပေးသွားမည်ဖြစ်ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်ပေးနမှုများကို ကြည့်ရှုအားပေးကာ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အားပေးစကားများပြောကြားခဲ့ပြီး ကြက်ဥများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်း ဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာ သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ပါသည်။