ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀) ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများ တက်ရောက်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအားတက်ရောက်ကာ တောင်သူများနှင့်တွေ့ဆုံ

ပုသိမ် မတ် ၂၀

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂ဝ၂၄- ၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းခဲ့သည်။ ထို့နောက် အကအဖွဲ့များအား ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီးမီတာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ မရဲ့အုန်းပင်စုကျေးရွာရှိ အိမ်ထောင်စု (၉၅)စုအတွက် အိမ်သုံးမီတာ(၅၀)လုံး တပ်ဆင်ပြီးစီးပြီဖြစ်ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၂၀)ဧကတွင် ပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းပွဲအား တက်ရောက်ကာ တောင်သူများနှင့် တွေ့ဆုံ၍ အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ တစ်ဧက အထွက်နှုန်းတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ နွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၂၀)ဧကတွင် ပြုလုပ်သည့် နယူးဧရာ(၁) စပ်မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ စပါးအခြောက် (၂၄၄.၅၂)တင်း ထွက်ရှိခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာတွင် စနစ်တကျ လယ်ယာမြေ ဧက(၁၀၀) ထပ်မံဆောင်ရွက်မည့် တောင်သူ ၁၁ ဦး၏ နယူးဧရာ ၁ မျိုးစပါး (၁၀၆)ဧက စိုက်ခင်းသို့လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ ဖြင့်ဆောင်ရွက်သည့် မရဲအုန်းပင်စု ကျေးရွာအုပ်စုရှိ ငှက်ဥကွင်းမြောင်း ပြန်လည်တူးဖော်ခြင်း မြောင်းအလျား ၁.၈၉၄ မိုင်၊ ထိပ်ဝ အကျယ်၂ဝ ပေ၊ အောက်ခြေအကျယ် ၆ပေ၊ ပျမ်းမျှအနက် ၇ပေ လုပ်ငန်း ဆောင်ရွက်နေမှု အားလည်းကာင်း၊ မရဲ့အုန်းပင်စု ကျေးရွာကျေးရွာတွင် စနစ်တကျလယ်ယာမြေ ဧက(၁၀၀) ထပ်မံဆောင်ရွက်မည့် တောင်သူ ၁၂ ဦး၏ ထိုင်းဘေးကြားမျိုးစပါး (၁၀၈)ဧက စိုက်ခင်းသို့ လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (တိုင်းဒေသကြီး)ရန်ပုံငွေ ဖြင့်ဆောင်ရွက်သည့် မရဲအုန်းပင်စုကျေးရွာ အုပ်စုရှိ ကျုံကရင်မြောင်း ပြန်လည်တူးဖော်ခြင်း မြောင်းအလျား ၁.၃၂၆ မိုင်၊ ထိပ်ဝအကျယ်၂ဝ ပေ၊ အောက်ခြေအကျယ် ၆ပေ၊ ပျမ်းမျှအနက် ၇ပေ လုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကာင်း၊ ၂၀၂၅ခုနှစ်၊ တတိယ သီးနှံအဖြစ် ဆီထွက်သီးနှံ နှမ်း(၁၂)ဧက စိုက်ပျိုးပွဲအားလည်းကောင်း၊ စပါးမျိုး(၆)မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ စိုက်နည်းစနစ်(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် စနစ်တကျလယ်ယာ မြေဧက(၁၀၀) စိုက်ကွင်းအားလည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မရဲ့အုန်းပင်စုကျေးရွာရှိ စနစ်တကျလယ်ယာမြေ၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲ၊ တတိယသီးနှံနှမ်းစိုက်ပျိုးပွဲ၊ မျိုးစပါးယှဉ်ပြိုင် စမ်းသပ်ကွက်များအား မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်မှ တောင်သူကြီးများလာရောက် ကြည့်ရှုအားပေးကြသည်ကို တွေ့ရပါကြောင်း၊ မရဲ့အုန်းပင်စုကျေးရွာသည် စံပြကျေးရွာ ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသ ကြီးအနေဖြင့် မိုးစပါး၊ နွေစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအပြင် သီးနှံစုံ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်သည် ယခင်က နှမ်းမြို့တော်ဟု တင်စားခေါ်‌ေဝါ်ခဲ့ကြပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး ကြရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေးအတွက် စနစ်ကျလယ်ယာ‌ေမြများဖော်ထုတ်ရန်လိအပ်ပြီး စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူကြီး များစုပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဆီဖူလုံမှုရှိစေရေးနှင့် မိုးစပါးနွေစပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် တောင်သူကြီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တောင်သူ ဦးတင်အောင်သန်းက စိုက်ပျိုးရေးအတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။

20-Mar-2025