၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ”ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော် မူလာကြသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပို့ဆောင်

ပုသိမ် မတ် ၁၈
၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ”ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော် မူလာကြသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နောက်ပါ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော် မြတ်ကြီးသို့ ဘုရားဖူးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့၊ ဈေးချောင်းတံတားတွင် လိုက်ပါပို့ဆောင်နှုတ်ဆက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ် တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူး ကြွရောက်မည် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ နောက်ပါသံဃာတော် များနှင့် လူပုဂ္ဂိုလ်များအား ပုသိမ်မြို့၊ ဈေးချောင်းတံတားသင်္ဘောဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ပြီး ဆရာတော်သံဃာတော်များအား လမ်းခရီးအဆင်ပြေစေရေး၊ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်စေရေး၊ ဆွမ်းနှင့်ဝေယျာဝစ္စကိစ္စရပ်များ လစ်ဟင်းမှု မရှိစေရေး၊ မြတ်မော်တင် စေတီတော်မြတ်ကြီးအား စိတ်အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညို သဒ္ဒါပွားများစေနိုင်ရေးနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လူပုဂ္ဂိုလ်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။