တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင်ပြုလုပ်သည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးကျက်သရေဆောင် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့မှ တေးသီ ချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ရုပ်သံသတင်း Video Clip များအားကြည့်ရှုအားပေးခဲ့ပြီး ပညာရှင်များ၊ အဆိုရှင်များ၊ ပညာအလင်္ကာတေးဂီတအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးကျက်သရေဆောင် မြန်မာ့ဆိုင်းဝိုင်းကြီးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် (၆၃)နှစ်မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ခရိုင်အလိုက် ပြခန်းများနှင့် စံပြခရိုင်၊ မြို့၊ ကျေးရွာများအား ဆုများကိုချီးမြှင့်ရာ (၆၃)နှစ် မြောက် တောင်သူ လယ်သမားနေ့ အထိမ်းအမှတ်ပြခန်း ပထမဆုနှင့် ဝါးခယ်မြို့နယ်၊ ဆင်းရွှေကြာ(၂) နေကြာ မျိုးအား အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူဦးဝင်းဗိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအနက် စံပြခရိုင်ဆုရရှိသည့် မြောင်းမြခရိုင်၊ တိုင်းဒေသကြီးအတွင်းရှိ (အထူး+က) အဆင့်မြို့များအနက် စံပြမြို့ဆုရရှိသည့် ပုသိမ်မြို့၊ တိုင်းဒေသကြီးအတွင်းရှိ (က)အဆင့်အောက် မြို့များအနက် စံပြမြို့ဆုရရှိသည့် ရေကြည်မြို့၊ တိုင်းဒေသကြီးအတွင်းရှိမြို့များအနက် စံပြမြို့ဆုရရှိသည့် ကျုံမငေးမြို့နှင့် တိုင်းဒေသကြီး အတွင်းရှိကျေးရွာများအနက် စံပြကျေးရွာ(ပထမ)ဆုရရှိသည့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာတို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်း ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်၊ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအနက် စံပြကျေးရွာ (ဒုတိယ)ဆု ရရှိသည့် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာနှင့် တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများအနက် စံပြကျေးရွာ (တတိယ) ဆုရရှိသည့် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အဗျဉ်းကျေးရွာအုပ်စု၊ အဗျဉ်းလယ်ဦးကျေးရွာအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်း တတိယဆုရရှိသည့် လပွတ္တာခရိုင်၊ အထိမ်းအမှတ်ပြခန်း အထူးဆု(၁)ရရှိသည့်ဖျာပုံခရိုင်နှင့် ပြခန်းအထူးဆု(၂) ရရှိသည့် မြန်အောင်ခရိုင်တို့အား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အထိမ်းအမှတ် ပြခန်းအထူးဆု(၃) ရရှိသည့် မအူပင်ခရိုင်၊ အထိမ်းအမှတ် ပြခန်းအထူးဆု (၄)ရရှိသည့် ဟင်္သာတခရိုင်နှင့် အထိမ်းအမှတ်ပြခန်း အထူးဆု(၅) ရရှိသည့် ပုသိမ်ခရိုင်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မိမိအနေဖြင့်ဧရာဝတီတိုင်းသို့ လာရောက်သည့် အခါတိုင်း အသစ်အဆန်းများကို လေ့လာသိရှိရပါကြောင်း၊ ဧရာဝတီတိုင်းတွင် ပဲမျိုးစုံသီးနှံစိုက်ဧက (၁.၆)သန်း ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့် ဖိုဆိုလျှင် ထုတ်ကုန်နှစ်ဆတိုးမြှင့်ရမည် ဖြစ်ပါကြောင်း၊ သို့ပါသောကြောင် စတင်စိုက်ပျိုး ထုတ်လုပ်သည်မှ ရိတ်သိမ်းချိန် ထိ အချိတ် အဆက်မိမိ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ရေစီမံခန့်ခွဲမှု အတွက် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သလို နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း တောင်သူများပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပါ ကြောင်း၊ အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြည့်စုံစွာ တောင်သူသမားနေ့ကို ကျင်းပနိုင်ခဲ့ သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ တောင်သူလယ်သမားနေ့ကိုတန်ဖိုးမြှင့်သည့် အနေဖြင့် ကျင်းပမည် ဖြစ်သည်ကို သိရှိရပါကြောင်း၊ ပေါ်် ဆန်းမွေးက်ု မြောင်းမြခြံ၌ လွန်ခဲ့သော နှစ်ပေါင်း(၈၀) ခန့်က ရွေးချယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဟူသည် ပေါ်ဆန်းစပါး၏ မူရင်းဒေသ ဖြစ်ပါကြောင်း၊ ထို့အတူ ပေါ်ဆန်းစပါးဟူသည် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ စရိုက်၊ မြန်မာ့အစဉ် အလာ ဟုသတ်မှတ်၍ရပါကြောင်း ပြောကြားခဲ့ပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က "(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားပြီး အနှစ်သာရ ရှိအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းမှု များကိုလည်း ပြသနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာသည်ဟုပြောရမည်ဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့ တိုးတက်လာခြင်းသည် တောင်သူ ဦးကြီးများ ကလည်း အားကြိုးမာန်တက်လိုက်ပါ ဆောင်ရွက်ခြင်းများအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ နည်းပညာများ ပံ့ပိုးမှု များကြောင့်လည်းဖြစ်ပါကြောင်း၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့)တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကိုလည်း အနှစ်သာရရှိစွာ ထည့်သွင်းပြုလုပ်ခဲ့ပြီး ရလဒ်များလည်းထွက်ပေါ်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခင်နှစ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တိုင်းဒေသကြီးတွင် စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့သော်လည်း တိုင်းဒေသကြီး၏ စပါးအထွက်နှုန်းမလျော့ကျစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် တာဝန်ရှိသူ အသီးသီးက စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် ဆားတောင်သူများ၊ ဉယျာဉ်ခြံလုပ်ကိုင်သည့် တောင်သူများလည်းပါဝင်ပါကြောင်း၊ ယနေ့ပိတ်သိမ်းသည့် တောင်သူလယ်သမားနေ့ အခမ်း အနား သည် အနှစ်သာရရှိရှိ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲမှ ထွက်ပေါ် လာသည့် ရလဒ်များကို မဟာဗျူဟာအဖြစ်သတ်မှတ်၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များကလည်း တိုင်းဒေသကြီးအတွင်းရှိ တောင်သူဦးကြီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း" (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ပိတ်ပွဲနိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်းသိရသည်။ ယနေ့ပြုလုပ်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား (တတိယနေ့) သို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်းများက ပစ္စည်း ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ဖွံ့ဖြိုးရေးသုတေသနပြခန်းများ၊ အိမ်ခြံဝန်းဟင်းခင်းပဒေသာ( Home Garden)၊ သစ်သီးဝလံပန်းမန်ဥယျာဉ်နှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ ငါးမွေးကန်တို့အား စိတ်၀င်တစား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။