နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ငါးတဲစုကျေးရွာတွင် (၆၃)နှစ် မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် လျှပ်စစ်မီးဖွင့်ပွဲတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့က ဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖြန်းကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီးမီတာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ၂၀၂၄-၂၀၂၅ တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ (၁၁၄.၇၇၀)ကျပ်သန်းဖြင့် ၁၁ကေဗွီဓါတ်အားလိုင်း ၁မိုင်နှင့် ၁၁/၀.၄ကေဗွီ၊ ၂၀၀ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီးဖြစ်၍ ကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၇၈)စုအတွက် လျှပ်စစ်မီတာ ၄၅လုံးတပ်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။