နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေး၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပုသိမ်            ဖေဖော်ဝါရီ           ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဟိုင်းကြီးချောင်းအဝတွင် နုန်းအနည်အနှစ်များကျရောက်ခြင်းမှကာကွယ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည့်နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ အဆိုပါနုန်းတားကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့်ဟိုင်းကြီးချောင်းအဝတွင် အနည်ကျရောက်မှုကိုတားဆီးပေးနိုင်မည့်အပြင်ဟိုင်းကြီးချောင်းအတွင်းရေစီးရေလာပိုမိုကောင်းမွန်လာပြီး ရေယာဥ်များဘေးအန္တရာယ်ကင်းစွာဝင်ထွက်သွားလာနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့်   မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တံခွန်တိုင် ပြုပြင်မွမ်းမံတည်ဆောက်မှု၊ တောင်ဘက်အရုဏ်ခံတန်ဆောင်း ဆောက်လုပ်နေမှု၊ နဂါးလမ်းေလှကား ပြုပြင်မွမ်းမံတည်ဆောက်မှု၊ အနုတ်၁၂ level ရင်ပြင်တော် အောက်ထပ် ဆောက်လုပ်ထားမှု၊ မြောက်ဘက်မုခ် လှေကားနှင့် ရေကန်ဆောက်လုပ်ထားမှု၊ သာသနာ့ဝံသ ကျောင်းဆောင် သာသနာ့ဗိမာန်တော်တည်ဆောက်နေမှု၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ရေးလုပ်ငန်းများ၊ ပြုပြင်မွမ်းမံတည်  ဆောက်ရေး​လုပ်ငန်းစဥ်များ၊ သာသနိကအဆောက်အဦများ တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ သာသနိကအဆောက်အဦများတွင် မြန်မာမှုလက်ရာများဖြင့် ထည့်သွင်းတည်ဆောက်ထားရှိမှုအခြေအနေများအား လုပ်ငန်းစဥ်အလိုက် လိုက်လံ ရှင်းလင်းတင်ပြခဲ့ရာ တာ၀န်ရှိသူများ၏တင်ပြချက်များအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ရေရှည်ခိုင်ခံ့ပြီးမြန်မာမှုလက်ရာမြောက်စေရေးအကြံပြုဆွေးနွေးခဲ့သည်။

27-Feb-2025