နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျောက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံအားပေး

ပုသိမ် ဖေဖော်ဝါရီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများက ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အဆင့် ဒုတိယရရှိမှု၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ အချိန်ပိုသင်ကြားပေးမှုများနှင့် night study ဆောင်ရွက် ပေးနေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားရာ " ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများက ဝိုင်းဝန်းပံ့ပိုးပေးကြရန်လိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရန်လိုပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝိရိယထားကြိုးစားအားထုတ်ပါက အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် ခိုင်မာစွာထားရှိပြီး အောင်စိတ်မွေးရမည်ဖြစ်ကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ယခင်နှစ်များထက် ပိုမိုအားထည့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအား အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်၍ သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း" ပြောကြားခဲ့ပါသည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၏ လိုအပ်သည်များကို တင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ရင်ခွင်ဦးဆောင်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ် ကျေးလက်နေတိုင်းရင်းသားပြည်သူများအား စာပေသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စာသင်သားများ၏ အရေး အဖတ် တိုးတက်မှုများ၊ သင်ကြားမှုများအ ပေါ် နားလည်သဘောပေါက်မှုများအားဆွေးနွေးပြောကြားခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။