ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၆၃)နှစ် မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပုသိမ်   ဖေဖော်ဝါရီ   ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပပြုလုပ်မည့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ သီးပင်စားပင်များအား စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စနစ်တကျစိုက်ပျိုးရန်၊ ပိုးမွှားများကျရောက်မှုမရှိစေရေးဆောင်ရွက်ရန်၊ သီးပင်စားပင်များ အချိန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင်မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ အမှိုက်များကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ MSME ပြခန်းများတွင် စိုက်ပျိုးမွေးမြူထွက်ကုန်များပိုမိုပြသဆောင်ရွက်သွားရန်၊ တောင်သူအသိပညာပေးလုပ်ငန်များထည့်သွင်းဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သည့် ပြခန်းများတွင် စက်ပစ္စည်းကိရိယာများစုံလင်စွာပြသနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ မဏ္ဍပ်နှင့်စတိတ်စင်များ အချိန်မီပြင်ဆင်ပြီးစီးရေး၊ လုံခြုံရေးစီမံချက်များကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ် ကျုံကြီးကျေးရွာအုပ်စု ကံကုန်-မြင်းကဆိပ် ကားလမ်းမဘေး(ယာ)နှင့် အရှည်(၄၀၀)ပေရှိ လမ်းဘေးမြောင်းတူးဖော်နေခြင်းနှင့် ညောင်ချောင်းကျေးရွာအုပ်စု၊ ကံကုန်း-မြင်းကဆိပ် ကားလမ်း(ယာ)ဘက်ခြမ်းရှိ ကားလမ်းဘေးတွင် စိုက်ပျိုးမြေ(၁၂၀၀)ဧကအားအကျိုးပြုမည့် အလျား၃၈ပေ × အနံ ၃၄ပေ ၆လက်မ(၆'×၆')(၂)ပေါက် သံကူကွန်ကရစ် ရေသွင်းရေထုတ် ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  ရေချိုများစနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ်ကာအတွင်းပြီးစီးစေရေးနှင့်လိုအပ်သည်များမှာကြားခဲ့သည်။

22-Feb-2025