ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၃)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး

ပုသိမ်      ဖေဖော်ဝါရီ        ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့  အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့  အခမ်းအနားကျင်းပပြုလုပ်မည့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေး ခဲ့ရာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သီးပင်စားပင်များအား စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စနစ်တကျစိုက်ပျိုးရန်၊ ပိုးမွှားများကျရောက်မှုမရှိစေရေးဆောင်ရွက်ရန်၊ သီးပင်စားပင်များ အချိန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင်မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ အမှိုက်များကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

18-Feb-2025