တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းများအား ကြည့်ရှုအားပေး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်သို့သွားရောက်၍  ဆွမ်းအလှူတော်ဆက်ကပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ပုသိမ်    ဖေဖော်ဝါရီ       ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာရှိ တောင်သူများ၏နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာ အုပ်စု၊ ရွှေလှေကွင်းကျေးရွာရှိ တောင်သူဦးသက်ပိုင်ဝင်း၏ စိုက်ဧက(၅) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးဌေးဉီး၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး  ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊  ရေ၊ မြေဩဇာ အချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ သည်  အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်သို့သွားရောက်၍  ဆွမ်းအလှူတော်ဆက်ကပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။ ဦးစွာ အခမ်းအနားကို “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်များအား ဆက်လက်နာယူ ကြည်ညိုကြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတ ထံမှ အနုမောဒနာတရားနာကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြပြီး အခမ်းအနားကို  “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

17-Feb-2025