(၇၈)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEs၊ သစ်သီးဝလံနှင့်ပြခန်းများပြပွဲပြိုင်ပွဲများအား ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနေများကို ကြည့်ရှုအားပေး

ပုသိမ် ဖေဖော်ဝါရီ ၁၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSMEs၊ သစ်သီးဝလံနှင့် ပြခန်းများ ပြပွဲပြိုင်ပွဲကို ယခုလ(၁၁)ရက်နေ့မှစတင်၍ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ဖွင့်လှစ်ပြသလျက်ရှိရာ အဆိုပါပြခန်းများသို့ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လာရောက်လေ့လာနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ပြသထားသည့် စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပြခန်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီပြခန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြခန်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးပြခန်း၊ ပုသိမ် ပညာရေးဒီဂရီကောလိပ်ပြခန်း၊ ပုသိမ်တက္ကသိုလ်ပြခန်း၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)၊ စက်မှုလယ်ယာ ဦးစီးဌာနပြခန်း အစရှိသည့် ဌာနဆိုင်ရာပြခန်းများနှင့် ကုမ္ပဏီများမှပြသထားသည့် သဘာဝ မြေဩဇာ၊ ဇီဝမြေဩဇာပြခန်းများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ ပုသိမ်၊ ကျုံပျော်၊ မြန်အောင်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာ ခရိုင်ရှစ်ခရိုင်မှ ခင်းကျင်းပြသ ထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် ဒေသထွက်ကုန်ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၁၀၀)သို့ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက လာရောက် လေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ ဒေသထုတ်ကုန်များကို ပြည်တွင်း ဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချ နိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများအား မှာကြားခဲ့ကြောင်းသိရှိရသည်။