ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ်     ဖေဖော်ဝါရီ     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင် ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော် မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီ တော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အားဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ(၁၃) ရက်နေ့အထိ (တပေါင်းလဆန်း ၁ရက်နေ့မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေစဉ်ကာလအတွင်း ဘုရားဖူးပြည်သူများအား ရောင်းချသည့် အစားအစာများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊  ဒေသထွက်အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရေး၊ စားသောက်ဆိုင်များနှင့် ဆိုင်ခန်းများစနစ်တကျရှိစေရေးအတွက် စီစဉ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဘုရားဖူးလာပြည်သူများ နားနေတည်းခိုနိုင်ရေးအတွက် တည်းခိုခန်းများပြည့်စုံရေး၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး ကိစ္စရပ်များကိုလည်း ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊  ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကဲ့သို့ အထင်ကရနေရာ ဒေသများသို့ ဘုရားဖူးလာပြည်သူများ သွားရောက်အပန်းဖြေနိုင်အတွက် ယာဉ်များစနစ်တကျပြေးဆွဲရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ရေလမ်းခရီးဖြင့် ဘုရားဖူး လာရောက်မည့်ပြည်သူများအတွက်လည်း ရေယာဉ်များပေါ်တွင် အသက်ကယ်အင်္ကျီနှင့် လိုအပ် သည့် လုံခြုံရေးကိစ္စရပ်များလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဘုရားပွဲတော်ကျင်းပမည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနီးပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသပ်ရပ်၍ ပန်းပေါင်းဝေဆာရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုသိမ်မြို့မှ မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ သွားရာလမ်းတစ်လျောက်ရှိ  ကျေးရွာများ သန့်ရှင်းသန့်ရှင်းသာယာလှပရေး၊ လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေးအတွက်  အမှိုက်ခြင်းများ၊ အမှိုက်အိတ်များ ထားရှိ၍ အမှိုက်များစနစ်စွန့်ပစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ဘုရားပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ဩဝါဒစရိယဆရာတော်ကြီးများ ယာယီသီတင်းသုံးမည့်နေရာများတွင် ရေ၊ မီးပြည့်စုံလုံလောက်ရေးနှင့် လိုအပ်သည့် ဝေယျာဝစ္စ ကိစ္စများ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကော်မတီများအလိုက် ဆောင်ရွက်ထားသည့် ပြင်ဆင်ဆောင်ရွက်မှုများနှင့် လိုအပ်သည် များကိုလည်း ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဘုရားပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများ နေရာချထား မှုနှင့် လိုအပ်သည့်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိများကိုလည်းကောင်း၊ တိုင်းဒေသကြီးလမ်း ဦးစီးဌာနမှ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင် ဘုရားပွဲတော်တွင် ဆောက်လုပ်ရေး လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာအဖွဲ့မှ  ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ပုရဝုဏ်အတွင်းနှင့် အနီးပတ်ဝန်းကျင် ပန်းပေါင်းဝေဆာစေရေး၊ စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှုများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၏ အထွေထွေဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

14-Feb-2025