ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ အသုတ်နယ်မြေမီးသတ်စခန်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ်       ဖေဖော်ဝါရီ        ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်နယ်မြေမီးသတ်စခန်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် မီးသတ်စခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်အား  တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက  အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်ပစ္စည်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အသုတ်နယ်မြေမီးသတ်စခန်း အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါမီးသတ်စခန်းသည်  ၂ဝ၂၄-၂ဝ၂၅ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့်ခဲ့ပြီး (၄၅’x၅၀'x၂၆') RCနှစ်ထပ်အဆောက်အဦ ဖြစ်ကြောင်းသိရသည်။

 

06-Feb-2025