(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိတ်ကုသပေးနေမှုများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပုသိမ် ဖေဖော်ဝါရီ ၄
ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီး၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိတ်ကုသပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မျက်စိကုသရန်လူနာများအား မျက်တောင်မွှေးရိတ်ခြင်း၊ မျက်စိတိမ်စစ်ဆေးခြင်းဆောင်ရွက်နေမှုများ၊ ခွဲစိတ်ကုသေပးမည့်လူနာများနှင့် ခွဲစိတ်ပြီးစီးသည့်လူနာများအား တွေ့ဆုံ ၍ ဆေးရုံလာရောက်ပြသမှုအခြေအနေများ၊ ခွဲစိတ်ကုသပေးမှုအခြေအနေများအားရင်းရင်းနှီးနှီးဆွေးနွေးမေးမြန်းခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ထို့နောက် မျက်စိအထူးကုဆရာဝန်ကြီးများမှ လူနာများအားခွဲစိတ်ကုသ ပေးနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ပြင်ပလူနာဌာနတွင် မျက်စိခွဲစိတ်ကုသရန် ရောက်ရှိနေသည့်ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး မျက်စိခွဲစိတ်ကုသပေးမည့်အခြေအနေများနှင့် အားပေးစကားများပြောကြားခဲ့ပြီး ပြည်သူများအတွက် နေထိုင်စားသောက်ရေးများအဆင်ပြေစွာဆောင်ရွက်ပေးရန်နှင့် ကျန်းမားေရးစောင့်ရှောက်မှုများဂရုတစိုက်ဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ မျက်စိခွဲစိတ်ကုသရေးအစီအစဉ်အဖြစ် ယခုလ(၄)ရက်နေ့မှ (၁၃)ရက်နေ့အထိ ရန်ကုန်မြို့မျက်စိအထူးကုဆေးရုံကြီးမှ ဒေါက်တာနန္ဒာအောင်( အထူးကုဆရာဝန်-မျက်စိ)၊ ဒေါက်တာစိုးမိုးဝင်း(လ/ထဆရာဝန်- မျက်စိ)၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနီနီဝင်း(အထူးကုဆရာဝန်-မျက်စိ)၊ ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာစန္ဒာသိန်း(အထူးကုဆရာဝန်ကြီး- မျက်စိ)တို့က အဖွဲ့(၃)ဖွဲ့ခွဲ၍ တစ်နေ့လျင် ပျမ်းမျှလူနာ (၅၀)ဦးအား ခွဲစိတ်ကုသပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ “နိုင်”ဆီစက်သို့သွားရောက်၍ ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှု ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများပိုမိုထုတ်လုပ်နိုင်ရေး၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းကောင်းမွန်သည့် ပဲပုပ်၊ နေကြာ၊ မြေပဲစသည့်ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများအား ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများကဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်များသင်ကြားပို့ချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထား လိုက်နာဆောင်ရွက်ရန် ဆွေးနွေးပေးသည့်ဘာသာရပ်များအလိုက် မရှင်းလင်းသည်များအားကောင်းမွန်စွာသ ေဘာပေါက်နားလည်စေရေး မေးမြန်းဆွေးနွေးကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်စေရေးတို့ကိုမှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့အတူ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် အင်္ဂလိပ်စာဘာသာရပ်သင်ကြားပို့ချနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆွေးနွေးပေးသည့်ဘာသာရပ်များအား သေချာစွာမှတ်သားလိုက်နာဆောင်ရွက်ရန်၊ မရှင်းလင်းသည်များအားကောင်းမွန်စွာသဘောပေါက်နားလည်စေရေး မေးမြန်းဆွေးနွေးကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်စေရေး ကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပို့ချခြင်း များကို ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်ပင်တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ဇန်နဝါရီလ(၂၁)ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီလ (၇ ) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာရှိ တောင်သူ ဦးတေဇာ၏ လယ်မြေတွင် ရေကျနောက်စိုက် GW-11 မျိုးစပါး ပထမသီးနှံစိုက်ပျိုးထားရှိမှုနှင့် ဂုန်မင်းကွင်း မြောင်းမကြီးနှင့်လက်တန်မြောင်းများအား နှစ်အလိုက်လျာထားတူးဖော်ပေးသဖြင့်ဒုတိယသီးနှံ နွေစပါးများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသည်များကိုကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေများလုံလောက်စွာရရှိပြီဖြစ်၍ ဒုတိယသီးနှံများပိုမိုတိုးတက်စိုက်ပျိုးရန်၊ မြောင်ဘေးတာ ဘောင်များတွင်သီးနှံများစိုက်ပျိုးကြရန်၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ကြရန်နှင့် သီးထပ်စွမ်းအားများတိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
.jpg)
.jpg)
.jpg)