ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား၊ စာကြည့်တိုက်ပန္နက်တင်အခမ်းအနားနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားများတက်ရောက်

ပုသိမ်       ဇန်နဝါရီ     ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား၊ စာကြည့်တိုက် ပန္နက်တင်အခမ်းအနားနှနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားများကို အဆိုပါကျေးရွာ၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံကျွန်းကျေးရွာတွင်(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အားစက်ခလုတ်နှိတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များပက်ဖျန်းပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးရွာအတွင်းမီတာတပ်ဆင်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလက်ပံကျွန်းကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မဟာဓါတ်အားလိုင်းမှ  ပေ၇၅၀ တိုးမြစ်ကိုဖြတ်ကျော်သွယ်တန်း၍ (၁၁) ကေဗွီ ဓာတ်အားလိုင်း၊ (၂၀၀) ကေဗွီအေထရန်စဖော်မာတည်ဆောက်ခြင်းဖြစ်ပြီး အိမ်ခြေ(၃၃၂)အိမ်၊ အိမ်ထောင်စု(၃၄၂)စုအား မီတာ(၁၇၀)လုံးတပ်ဆင်ပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံကျွန်းကျေးရွာ စာကြည့်တိုက်အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကာ  ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တင်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာညွန့်ကျောင်းဆောင် (၁၄၀ပေ-၃၀)ပေ RCCနှစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ  ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိတ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းပြုလုပ်ရာ လက်ပံကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“  မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာ၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား၊ ကျေးရွာစာကြည့်တိုက်အသစ် ပန္နက်တင် အခမ်းအနားနှင့် ကျောင်းဆောင်သစ်များဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မင်္ဂလာရှိသည့်နေ့ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ဒေသနေပြည်သူများ၏ စည်းလုံးညီညွတ်မှုများ၊ ပျော်ရွှင်ကြည်နူးမှုများကိုတွေ့ရှိရ၍ ဝမ်းသာပီတိဖြစ်ရပါကြောင်း၊   ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းအားဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးရရှိပြီဖြစ်၍ အသေးစား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများကိုပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာမှာဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးခဲ့သည့် လက်ပံကျွန်း(အထက) “ညွှန့်မေတ္တာဆောင်” ကျောင်းဆောင်သစ်ကြီးမှာ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားရင်း ကျောင်းတော်ကြီး အရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်လိုပါကြောင်း၊ ကျေးရွာမီးလင်းရေး (၁၁) ကေဗွီ ဓာတ်အားလိုင်း၊ (၂၀၀) ကေဗွီထရန်စဖော်မာများ တည်ဆောက်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများဖြင့် မိမိတို့ လူနေမှုအဆင့်မြင့်မားစေရေး ဆောင်ရွက်ကြရန်နှင့်လျှပ်စစ်မီးကိုစနစ်တကျသုံးစွဲကြစေလိုကြောင်းနှင့် တည်ဆောက်ပေးသည့် စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးစေရေးနှင့် စာပေမှရရှိသည့်  အသိပညာ ဗဟုသုတများဖြင့် မိမိတို့၏ဘဝ၊ အနာဂတ်လူငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့ပြီး လက်ပံကျွန်းကျေးရွာ စာကြည့်တိုက်အတွက် စာအုပ်စာတမ်းများနှင့် ဖျော်ဖြေရေးအကဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် ကျောင်းဆောင်သစ် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့်  မှတ်တမ်းအား လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ကျုံနတ္တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ဘာသာရပ်များအလိုက် သင်ယူလေ့လာကျက်မှတ်မှုများ၊ သင်ကြားပြသပေးမှုများဆွေးနွေးမေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

31-Jan-2025