တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းကြည့်ရှု၊ ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပုသိမ်        ဇန်နဝါရီ        ၁၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းကြည့်ရှုအားပေးခဲ့ပြီး ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ ဆီထွက်သီးနှံ(နေကြာ) (Super Sun 42)စံပြကွက်(၁၀)ဧကတွင် အပင်ကြီးထွားနှုန်းနှင့် ဝတ်မှုန်ကူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ဝတ်မှုန်ကူးခြင်းများအတွက် ပျားပုံးများထားရှိမှု၊ ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်း အောင်စိုက်ပျိုးကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ ဖျာပုံမြို့နယ်၊ အောက္ကဘာကျေးရွာ ကြည်ရွှင်ရိုးမြောင်းနှင့် ရိုးမြောင်းဘေးရှိ စိုက်ခင်းများ နှင့် ဆီထွက်သီးနှံ(နေကြာ) (Super Sun 41)စံပြကွက်(၁၀)ဧကအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ကြည်ရွှင်ရိုးတူးမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဒုတိယသီးနှံစိုက်ဧက(၂၀၀)ဧကကို အကျိုးပြုနိုင်မည့်အ ခြေအနေများ၊ ရေနုတ်မြောင်းများ တူးဖော်မှု၊ ရေတံခါးများဆောင်ရွက်ထားရှိမှုများရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုနှင့် တာဘောင်များတွင် သီးနှံများစိုက်ပျိုးထားရှိမှုအားကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးေရရရှိပြီဖြစ်၍ စိုက်ဧကများပြည့်မီအောင်စိုက်ပျိးစေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ အောင်ချမ်းသာရေသွင်းတံခါး(၆ပေ×၆ပေ)(၃)ပေါက်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တင်လှဲ့ချောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရေသွင်းတံခါးတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ တင်လှဲ့ချောင်းတူးဖော်ခြင်းကြောင့် ဒုတိယသီးနှံ ၇၀၅ဧက အကျိုးပြုနိုင်မှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရေထုတ်တံခါးများအားရေထိန်းတံခါးများအဖြစ်အဆင့်မြှင့်တင်နိုင်ရေးဆောင်မည့်အစီအစဉ်များနှင့် ယခုနှစ်တွင် ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း နွေစပါးစိုက်ဧက ၄၀၀၀ ခန့် တိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ စိုက်ပျိုးရေများရရှိပြီဖြစ်၍ စိုက်ဧကအားလုံးစိုက်ပျိုးနိုင်စေရေး၊ စုပေါင်းသမဝါယမစနစ်ဖြင့် ဆိုလာရေတင်စနစ်ဆောင်ရွက်စေရေးနှင့် သီးထပ်စွမ်းအားများတိုးတက်စိုက်ပျိုးမှာကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးမြေအကျိုးပြုဧက(၁၇၅)ဧက၊ အရှည်(၁၁၀၀၀)ပေရှိ  ကြက်ဖမွေးဇောင်းကျွန်းပတ်တာဘေးမြောင်း(ကြက်ဖ) တူးဖော်နေမှု၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာမြောင်းဘေးရှိ ရောင်ခြည်ဦးသမအသင်းမှဆောင်ရွက်သည့် 5.0HP 8"Inclined Pump 9.5kw ဆိုလာရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနေမှုများနှင့် အဆင့်မြင့်လယ်ယာဧက (၄၀)ဖော်ထုတ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီး စေရေးနှင့် တောင်သူများအားအကျိုးပြုည့်လုပ်ငန်းများဆောင်ရွက်စေရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ေကြာင်းသိရသည်။

 

19-Jan-2025