ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားများတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၀
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပထမနှစ် (၂၀၂၄အောင်) မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးချုပ်က“ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ကြပြီး ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူ ကြရမည့်သူများဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်ကြီးသည် အစဉ်အလာရှိသည့် တက္ကသိုလ်ကြီး ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဘာသာရပ်များ အလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမည့် မောင်တို့ မယ်တို့အား နွေးထွေးစွာကြိုဆိုပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်း များကို ပြုစုပျိုးထောင်ပေးရာနေရာဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းမှာ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာ ဆိုင်ရာများ ကျွမ်းကျင်တတ်မြောက်နေရုံသာမက Personal Skill ဆိုသည့် ပင်ကိုယ် အရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ ဘက်စုံ ပညာရေးမှာ စဉ်းစားသုံးသပ်တွေးခေါ်မှု(Critical thinking)၊ ပြဿနာဖြေရှင်းမှု(Problem solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု(Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical skills)ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social skills)၊ စိတ်ခံစားချက်နားလည်မှု(Emotional intelligence)၊ တရားမျှတမှု(Justice)၊ လောကနီတိဆိုင်ရာအပြုအမူ(Ethical behavior)၊ ဦးဆောင်တတ်မှု(Leadership)စသည့် ဘက်စုံကျယ်ပြန့်တဲ့ အရည်အသွေး၊ စွမ်းရည်များ ပါဝင်နေ ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် တက္ကသိုလ် ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အဆောက်အဦများ ခန့်ညားထည်ဝါမှုရှိစေရေး အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့ သည် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့်အားကစား၊ စာပေ ၊ ဂီတ၊ အနုပညာ ဆိုင်ရာများကိုလည်းလေ့လာသင်ယူခွင့်ရကြမှာဖြစ်ပါကြောင်း၊ ထို့အပြင်မိမိတို့၏ ကျောင်းတော်ကြီး စိမ်းလန်းစိုပြေရေးနှင့် ပန်းပေါင်းဝေဆာသည့်ကျောင်းတော်ကြီးဖြစ်စေရေး၊ Green Zone Area များ ဖော်ဆောင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုတွေကို တိုးတက် အောင်မြင်အောင်ကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည်ဒေသနှင့် နိုင်ငံအကျိုး ဖော်ဆောင်ပေးနိုင်သူများ ဖြစ်အောင်ကြိုးစား၍ တက္ကသိုလ်ပညာရပ်များကို လေ့လာ ဆည်းပူးရင်း ဗလငါးတန်ပြည့်စုံသောလူငယ်လူရွယ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုပါ ကြောင်း” အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က မောင်မယ်သစ်လွင်များအား ကြိုဆို နှုတ်ခွန်းဆက် စကားများပြောကြားခဲ့သည်။