ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်       ဒီဇင်ဘာ       ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒိုးပင်ဆိပ်ကျေးရွာတွင်  (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဒိုးပင်ဆိပ်(ပုသိမ်-ရန်ကုန်)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ  တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)က ကွန်ကရစ်လမ်းဆောင်ရွက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက်  ဒိုးပင်ဆိပ်(ပုသိမ်-ရန်ကုန်)လမ်း ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက်  ဒိုးပင်ဆိပ်(ပုသိမ်-ရန်ကုန်)လမ်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ကာ လမ်းအရှည် (၂)ဖာလုံ၊ အကျယ်(၁၂)ပေ၊ ထု၇လက်မရှိပြီး ကျေးရွာ(၃)ရွာအတွင်းရှိ အိမ်ခြေ (၃၈၅)အိမ်၊ လူဦးရေ(၁၆၂၇)ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကိစ္စရပ်များကို အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်းသိရသည်။

 

19-Dec-2024