ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦးသစ်ဖွင့်ပွဲတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း၌ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် ကျင်းပသည့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ လှူဒါန်းသည့် ကျပ်သိန်း (၁၅၀)ဖြင့် ဆောက်လုပ်သည့် ”အောင်ချမ်းသာ” ကျေးရွာစာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ စာကြည့်တိုက်အဆောက်အဦးသစ်ကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၊ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်ကိုဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ”အောင်ချမ်းသာ”ကျေးရွာစာကြည့်တိုက်သို့ လှူဒါန်းသည့် စာပေဗိမာန်သုတရသစာအုပ် (၂၉၀) အုပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကလည်းကောင်း၊  မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များ လှူဒါန်းသည့် စာပေဗိမာန်သုတရသစုအုပ်(၁၀၀)အုပ်အား အလှူရှင်တစ်ဦးကလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သုတ၊ရသ စာအုပ်များပြည့်စုံစွာထားရှိနိုင်ရေး၊ စာကြည့်တိုက်သို့ပြည်သူများလာရောက် ​ေလ့လာဖတ်ရှုမှုများစနစ်တကျမှတ်တမ်းထားရှိ စေရေးမှာကြားခဲ့ကြသည်။

14-Dec-2024