တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူးမြှော်ကြည်ညို၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာရှိ တောင်သူ(၆၅)ဦး၏ စိုက်ဧက (၈၅)ဧကတွင် ဆင်းရွှေကြာ နေကြာစိုက်ခင်း စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေး

ပုသိမ် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာနေဘုရင်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူးေမြှာ်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာရှိ တောင်သူ(၆၅)ဦး၏ စိုက်ဧက (၈၅)ဧကတွင် ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်း စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ဝတ်မှုန်ကူးခြင်းများအတွက် ပျားပုံးများထားရှိရေး၊ ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် မှာကြားကြောင်းသိရှိရသည်။