တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ပို့ဆောင်နှုတ်ဆက်

ပုသိမ် နိုဝင်ဘာ ၂၈

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့မှ ဘောလုံး(အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) အားကစားအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့မှ နေပြည်တော်သို့ထွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ပုသိမ်မြို့၊ ရွှေရုပ်တုအဝိုင်းရှေ့တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

28-Nov-2024