တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်အတွင်းဖွင့်လှစ်သည့် ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲ နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ဆင်ဂေါင်း ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ် ဘီးလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ကွန်ကရစ်ဘီးလမ်းသစ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး အကဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး လမ်းအရှည် ၁၀၅၀ ပေ၊ ဘီးလမ်းအကျယ်တစ်ဖက် ၃ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာတွင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက် တက်ရောက်ခဲ့၍ တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း နှင့် အကအဖွဲ့များအား ချီးမြှင့်ငွေ ပေးအပ်ခြင်း များဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီး လမ်းအရှည် ၁၈၅၀ ပေ၊ အကျယ် ၁၀ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။

26-Nov-2024