တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေသည့် လက်ဝှေ့အဖွဲ့အား တွေ့ဆုံအားပေး
ပုသိမ် အောက်တိုဘာ ၂၉
ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ၌ စခန်းသွင်းလေ့ကျင့်နေသည့် လက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူတစ်ဦးက ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက် လက်ဝှေ့အားကစားသမားများနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား အာရပြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များ၏ သရုပ်ပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား တိုင်းဒေသကြီးဂုဏ်ဆောင် ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဥ်ပြိုင်ကြရန် အားပေးစကားများပြောကြားခဲ့သည်။