ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံမငေးမြို့၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့ငွေမျာပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၆.၂.၂၀၁၈)ရက်နေ့တွင် လွှတ်တော်ဿဥက္ကဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ကျုံမငေးမြို့၊ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့ငွေမျာ ပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံမငေးမြို့ အဝေးပြေးကားဝန်း တည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ပါသည်။

27-Feb-2018