မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီးမီးများထွန်းညှိပူဇော်

ပုသိမ် အောက်တိုဘာ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍  ဆီးမီးများထွန်းညှိပူဇော်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအပါအဝင် ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများတွင် ဆီးမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘုရားဖူးလာပြည်သူများနှင့်အတူ ဆီမီး(၅၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီးအာရုံခံတန်စောင်းတွင် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် ဘုရားဖူးလာရောက်ကြသူများမှ ဓမ္မစင်္ကြာနှင့် မေတ္တာသုတ်တို့အားရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ရင်ပြင်တွင်  ဆီမီး(၅၀၀၀) ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်ကြီးအားလှည့်လည်ကြည်ညို၍ ဘုရားဖူးပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးခဲ့ကြသည်။ အလားတူ ပုသိမ်မြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်ကွက်နေပြည်သူများမှ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဘုရားဖူးပြည်သူများမှ ကုသိုလ်ယူခြင်းများဆောင်ရွက်လျက်ရှိပြီး မြို့၏ ထင်ရှားသောနေရာများသို့လည်း သွားလာလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

18-Oct-2024