ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ရွှေပုသိမ် ဧည့်ရိပ်သာ၌ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ
ပုသိမ် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာ၌ မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပုသိမ်မြို့ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်အဆင့်မြင့်ရေကူးကန်ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် မျိုးဆက်သစ် အားကစားသမားမွေးထုတ် သင်ကြားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အားကစားသိပ္ပံဆောက်လုပ်နေပြီဖြစ်၍ မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးတည်ငြိမ်အေးချမ်း သာယာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များအား ပြောကြားဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့မိမြို့ဖများက ငါးဖမ်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆားလုပ်ငန်းများ အတွက် စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်ရေးကိစ္စရပ်များ၊ ကန်ဆုံးဆင့်ရေကန်သာယာလှပရေးကိစ္စရပ်များ၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။