ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အနာဂတ်သစ်ဆီ ဧရာဝတီ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၂.၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်စွန့်ဦးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် အနာဂတ်သစ်ဆီ ဧရာဝတီ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား မိမိတို့ ဧရာဝတီတိုင်းဒေသသကြီးအစိုးရအဖွဲ့မှလည်း အပြည့်အဝပံ့ပိုးပေးပြီး လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒီနေ့အခမ်းအနားကို တက်ရောက်တဲ့ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

19-Feb-2018