တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်       အောက်တိုဘာ         ၉

ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးက ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေးလုပ်ငန်းဆောက်ရွက်ထားရှိမှု များကိုလည်းကောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ခရီးသည်လေယာဉ်များ ဆင်း/တက်အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပုသိမ်လေဆိပ်ရှိ ဝန်ထမ်းအင်အား၊ ခရီးသည်များ ဝင်/ထွက်အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အဦအနေအထားများနှင့် လေယာဉ်ခရီးစဉ်ပြေးဆွဲမည့် အစီအစဉ်များကိုလည်းကောင်း၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ  တာဝန်ရှိသူတစ်ဉီးက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ပုသိမ်လေယာဉ်ကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ပုသိမ်လေယာဉ်ကွင်း၊ အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပြေးဆွဲရာတွင် လုံခြုံရေးကိုလည်းအထူးဂရုပြုဆောင်ရွက်ရန်လိုပါကြောင်း၊ ခရီးသည်များအား လိုအပ်မည့်ဝန်ဆောင်မှုများ ပေးရန်လိုပါကြောင်း၊ ခရီးသည်လေယာဉ်များပြေးဆွဲမှုများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လိုပါကြောင်းနှင့် လေယာဉ်ခရီးစဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက အချိတ်အဆက် မိမိဖြင့် စုပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”ဖြည့်စွက်မှာကြားခဲ့ပြီးသက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

09-Oct-2024