ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆၄)ကြိမ်မြောက် သုဓမ္မာဝိနယာဓိက ပရိယတ္တိစာမေးပွဲကြီး၌ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ မရမ်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် သုဓမ္မာဂိုဏ်းဆရာတော်ကြီးများ ကြီးမှူးကျင်းပပြုလုပ်သော (၆၄)ကြိမ်မြောက် သုဓမ္မာဝိနယာဓိက ပရိယတ္တိစာမေးပွဲကြီး၌ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကာ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

24-Jan-2018