ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေး

ပုသိမ်             စက်တင်ဘာ       ၁၇

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် စိုက်ဧကပြည့်မီစေရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာရှိ တောင်သူ ဦးကျော်ဝင်း၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး စိုက်ဧက(၄)ဧကတွင် မနောသုခစပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  တောင်သူများနှင့်တွေ့ဆုံ၍ ပြန်လည်ကုစားမှု အခြေအနေများနှင့် မျိုးစပါး၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများ၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့်အောင်ရေရရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ဧကများပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

17-Sep-2024