ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင် ပြန်လည်စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေး

ပုသိမ်      စက်တင်ဘာ        ၉

ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများ ပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၊ အုတ်ပုံကုန်းကျေးရွာရှိ တောင်သူဦးသန်းတင်၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧက(၄)ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကများထိခိုက် ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစားစိုက်ပျိုးနေမှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများအားဆွေးနွေးပြောကြားခဲ့ပြီး စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

09-Sep-2024