ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ ကြခတ်ချောင်ကျေးရွာရှိ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင်ပြန်လည်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ချောင်ကျေးရွာရှိ တောင်သူဦးစံထွန်း၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင် ပေါ်ဆန်းစပါးမျိုးအား ကောက်စိုက်လုံမေများ၊ ကောက်စိုက်စက်ဖြင့်ပြည်လည်စိုက်ပျိုးနေမှုများ၊ မြေဩဇာ ကြဲပတ်နေမှုများနှင့် တောင်သူဦးသန်းဇော်၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကလယ်မြေ (၂)ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder)များဖြင့် ရက် ၉၀ မျိုးစပါး ပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကများထိခိုက် ပျက်စီးမှုအခြေအနေများ၊ ပြန်လည်ကုစားစိုက်ပျိုးနေမှုအခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစု များထောက်ပံ့ပေးနေမှုအခြေအနေများအားဆွေးနွေးပြောကြားခဲ့ပြီး စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။