ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအားအောင်နိုင်ရေးအလံပေးအပ်

ပုသိမ်      ဩဂုတ်       ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်အသင်းအား ကြိုတင်ပြင်ဆင်စုစည်းမှုကောင်းကောင်းဖြင့် ရရှိသည့်အချိန်တွင် စခန်းသွင်းလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် ရလာဒ်ကောင်းများ ရရှိမည်ဟုမျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင်ားကစားသမားများအနေဖြင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား အုပ်ချုပ်၊ နည်းပြများ အနေဖြင့် စနစ်တကျသင်ကြားလေ့ကျင့်ပေးလျက်ရှိရာ အောင်မြင်မှုများရရှိပြီး  ဆုတံဆိပ်များ ရရှိအောင်စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုပါကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း”အမှာစကားများပြောကြားပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေး အလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

19-Aug-2024