ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ လယ်မြေများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါး၊ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မြန်အောင်ခရိုင်အတွင်းရှိ လယ်မြေများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှုအပေါ်တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိုးအဆက်မပြတ်ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမြေဧကများရေကြီး နစ်မြုပ်ခဲ့ရပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည်စိုက်ဧကများအား မိုးစပါးများပြန်လည်ထွန်ယက် စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့်စိုက်ဧကများအတွက် အထွက်နှုန်းများထိခိုက်မှုမရှိစေရေးကုစားခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်စိုက်ပျိုးသည့်မျိုးစပါးများကိုသက်တမ်းတိုမျိုးစပါးများအသုံးပြုစိုက်ပျိုးရမှာဖြစ်ပြီး ဒုတိယသီးနှံအချိန်မီစိုက်ပျိုးနိုင်ချိန်ဆဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မျိုးစပါးများကြိုတင်စုဆောင်းထားရှိပြီးဖြစ်ရာ ထိုသို့ထိခိုက်နစ်မြူပ်ခဲ့သည့် တောင်သူများအတွက် မိမိတို့အနေဖြင့် မျိုးစပါး၊ သွင်းအားစု ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်စိုက်ဧကများတွင် အစားထိုးပြန်လည်စိုက်ပျိုးရာတွင် ပိုးမွှားအန္တရာယ်ကို ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် တောင်သူများ၏ အခက်အခဲများကိုလည်း တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများထံသို့ မျိုးစပါးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စုရှိ တောင်သူ၏ဉီးမောင်ကို၏ စိုက်ဧက(၃)ဧက၌ ၂၀၂၄ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား အစားထိုးပြန်လည်စိုက်ပျိုးပွဲသို့ တက်ရောက်၍ Drum Seeder ဖြင့် ထွန်းပုမျိုးစပါးအားစိုက်ပျိုးနေမှုများနှင့် ထိခိုက်ခဲ့သည့်ဧကများအပေါ် အထွက်နှုန်းပြည့်မီအောင်ပြန်လည်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ ပြီး အချိန်မီစိုက်ပျိုနိုင်ရေးနှင့် အထွက်နှုန်းများပြည့်မီစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့သည်။