တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြီးနစ်မြုပ်၍ထိခိုက်ပျက်စီးသွားသော ပြန်ပေါ်စိုက်ဧကများတွင် မိုးစပါးပြန်လည်စိုက်ပျိုးရန်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး

ပုသိမ်      ဩဂုတ်       ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော ပြန်ပေါ်စိုက်ဧကများတွင် မိုးစပါးပြန်လည်စိုက်ပျိုးရန်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက အင်္ဂပူမြို့နယ်အတွင်း မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်၊ ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်စိုက်ပျိုးနေမှုများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေများပြန်လည်ကျဆင်းသည်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ စောလျင်စွာလုပ်ကိုင်နိုင်ရေးအတွက် မျိုးစပါးများ အဆင်သင့်စုဆောင်းထားရှိရန်၊ စက်အင်အားလူအင်အားအပြည့်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ တောင်သူများပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာရှိ တောင်သူဦးမြတ်စိုး၏ စိုက်ဧက(၅)ဧက၌ ရေကြီးနစ်မြုပ်၍ ထိခိုက်ခဲ့ရပြီး ပြန်ပေါ်စိုက်ဧကများမှ မိုးစပါးပြန်လည်စိုက်ပျိုးရန်အတွက် လယ်ထွန်စက်များ၊ နွားများနှင့် ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊  ကညင်ငူ-ကြက်သွန်ခင်း-ကညွှတ်ကုန်းအုပ်စုများသို့ ဖြတ်သန်းစီးဆင်း သွားသည့် မမြချောင်း ရေကြီး/ရေလျှံမှုကာကွယ်ရန် ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်ထားသည့် ဖောက်ချောင်းဘောင်သည် မိုးအဆက်မပြတ်ရွာသွန်းပြီး  ချောင်းရေစီးဆင်းမှုကြောင့် ဇူလိုင်လ(၃၀)ရက်နေ့တွင် (၂၅)ပေခန့် ကျိုးပေါက်မှု ဖြစ်ပေါခဲ့သဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ပူးပေါင်း၍ သဲအိတ်ချခြင်းလုပ်ငန်းဆောင်ရွက်၍ ဆည်ဖို့ထားရှိမှုအပေါ်သွားေရာက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စိုက်ဧကများအတွင်းရေဝင်နစ်မြုပ်မှုအခြေအနေများ၊  ဖောက်ချောင်းဘောင်များအား ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ပူးပေါင်းမှုကြောင့် ဖောက်ချောင်းကမ်းပါးကျိုးပေါက်ခဲ့မှုအား အချိန်မီဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဖောက်ချောင်းကမ်းပါးရေရှည်တည်တံ့ရေးအတွက် သက်ဆိုင်ရာဌာနများမှဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ ဖောက်ချောင်းကမ်းပါးကျိုးပေါက်မှုနှင့် ပတ်သက်၍ လူ၊ တိရစ္ဆန်များ တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်းနှင့်  ချောင်းရေများပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြက်သွန်ခင်း-ညောင်ကုန်းချောင်းကူးတံတားတိုင်များ ရေတိုက်စားသဖြင့် ရေစီးနှင့်မျောမပါရေးထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ချောင်းကူးတံတားတည်ဆောက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ကံလှကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော ပြန်ပေါ်စိုက်ဧကများမှ တောင်သူဦးကျော်ထွေး၏ လယ်မြေ ၄ဧကတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူက ဟင်္သာတခရိုင်အတွင်း မြစ်ရေဝင်ရောက်မှု၊ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်၊ ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်စိုက်ပျိုးနေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြန်ပေါ်စိုက်ဧကများတွင်  မိုးစပါးပြန်လည်စိုက်ပျိုးရန်အတွက် တောင်သူများထံသို့ မျိုးစပါးများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သါတခရိုင်၊ ဇလွန်မြို့နယ်၊ ကတေ့ာကရက်ကျေးရွာအုပ်စု၊ ကတော့ကရက်ကျေးရွာအနီး ဇလွန်-ပျဉ်းမကုန်း-ရှမ်းစုလမ်း၊ မိုင်တိုင်အမှတ် ၅/၅ - ၅/၆ ကြားတွင်ဇူလိုင်လ ၃၀ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးရေတိုက်စားမှုကြောင့် တံတားအမှတ် (၁/၆) နိမ့်ကျပျက်စီးခဲ့ပြီး အများပြည်သူများ သွားလာရေးပြတ်တောက်မှုမရှိစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ အနံ(၁၆)ပေ၊ အလျား (၄၀)ပေ ယာယီဘေလီ သံဘောင်တံတား ၁၀၀%တည်ဆောက်ပြီးစီးမှုအား ကြည့်စစ်ဆေးခဲ့ပြီး အများပြည်သူများအဆင်ပြေစွာ သွားလာနိုင်စေရေးဆောင်ရွက်ပေးရန်၊ ယာယီဘေလီတံတားခံနိုင်ဝန်အတိုင်းသွားလာစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတ - နိဗ္ဗာန် - သောင်ကြီး -  ကျုံပျော် - ရေကြည်လမ်း၊ ကျုံပျော် - ရေကြည်ပိုင်းတွင် ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတ - နိဗ္ဗာန် - သောင်ကြီး -  ကျုံပျော် - ရေကြည်လမ်း၊ ကျုံပျော် - ရေကြည်ပိုင်းတွင် ကျုံပျော်မြို့၊ နေရာ ၄၀/၇ -၄၁/၁၊ (၃၀.၇.၂၀၂၄)ရက်န့မှစတင်၍ အရှည် ၁၂၀ အမြင့် ၂လက်မ၊ ရေကျော်ခဲ့ပြီး ၁.၈.၂၀၂၄ရက်နေ့တွင် အရှည် ၇၀၀ ပေ   အမြင့် ၆လက်မ၊ ရေအမြင့်ဆုံးတက်ရောက်ခဲ့ကာယနေ့ တွင် ရေကျော်မှု အခြေ အနေ အရှည် ၅၀ ပေ၊ အမြင့် ၁လက်မအထိပြန်လည်ကျဆင်းမှု အားလည်းကောင်း၊ ရေကြည်မြို့၊ နေရာ ၄၁/၂-၄၁/၃ကြား  (၂၉.၇ ၂၀၂၄)  ရက်နေ့မှစတင် အရှည် ၂၀၀ ပေ အမြင့် ၃လက်မ ရေကျော်ခဲ့ပြီး (၃၁.၇.၂၀၂၄ ) မှ (၂.၈.၂၀၂၄) ရက် နေ့အထိအရှည် ၁၂၀၀ အမြင့် ၁ ပေ ၅လက်မ ရေအမြင့်ဆုံးတက်ရောက်ခဲ့ကာယနေ့တွင် အရှည် ၁၂၀၀ ပေ အမြင့် ၈လက်မ အထိပြန်လည်ကျဆင်းမှုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

05-Aug-2024