(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ်            ဇူလိုင်         ၃၁

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်  မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရန်နှင့်  ဗဟိုအဆင့်တွင် ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များ၏ အားသာချက်၊ အားနည်းချက်များကို အချိန်ယူပြင်ဆင်လုပ်ဆောင်ပါက အောင်မြင်မှုများရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် လစ်လပ်နေရာများအား ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဗဟိုအဆင့်တွင် အောင်မြင်မှုများရရှိရန် အခြေခံပညာ၊ အဆင့်မြင့်ပညာများတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ ရွက်ပုန်းသီးအနုပညာရှင်များအား ရှာဖွေဖော်ထုတ်၍ စုဖွဲ့မှု ကောင်းကောင်းဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်က ဆုတံဆိပ်များရရှိပြီး အတန်းတက်သွားသည့် လစ်လပ်နေရာများကိုလည်း ဖြည့်တင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခရိုင်အလိုက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်း ဆွေးနွေးပေးကြစေလိုကြောင်း၊ လူရွေးချယ်မှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ လာမည့်  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်  မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် လက်ရှိအဆင့်မှ နောက်တစ်ဆင့် သို့တက်လှမ်းနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်များအလိုက် ကြိုတင်ပြင်ဆင်ခြင်း၊ စုဖွဲ့ခြင်းနှင့်စနစ်တကျကြပ်မတ်ခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့်  တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်ချက်များရှိပါက ထပ်မံဖြည့် စွက်ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးက  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးအတွက် အခမ်းအနားများနှင့် နေ့ရက်လျာထားမှုအခြေအနေများ၊ ပြိုင်ပွဲကျင်းပမည့်နေရာနှင့် ကျင်းပမည့်ပြိုင်ပွဲများ၊ ဇာတ်တော်ကြီး၊ ရုပ်သေးနှင့် ကွက်စိပ်တို့အား ဇာတ်တော်များ သတ်မှတ်ထားရှိမှုများ၊ အဆိုဘာသာရပ်နှင့် အတီးဘာသာရပ်တို့တွင် အဆင့်အလိုက် ယှဉ်ပြိုင်ရန်လျာထားသော တေးသီချင်းအမည်များအားလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တိုင်းဦးစီးမှူးက  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲအတွက်  ကြိုတင်လေ့ကျင့်ဆောင်ရွက်နေမှုများနှင့်  အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ၊ အတီးဘာသာရပ်ပြိုင်ပွဲတွင် လစ်လပ်လျက်ရှိသော ပြိုင်ပွဲဝင်အဆင့်နေရာ၌ ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အင်အားစာရင်း၊  ဇာတ်တော်ကြီးတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လူရွေးချယ်လျာထားမှုများ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအတွက် နည်းပြရွေးချယ်ထားမှုများအားလည်းကောင်း၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက  တိုင်းဒေသကြီးနှင့် ဗဟိုပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအခြေအနေများနှင့် လစ်လပ်ပြိုင်ပွဲဝင်များနေရာတွင် အပြည့်အဝပါဝင် ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်  အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ဗဟိုအဆင့်တွင် အောင်မြင်မှုများရရှိရန်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

31-Jul-2024