ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ရှိရေဘေးရှောင်စခန်းအားသွားရောက်ကြည့်ရှုအားပေး

ပုသိမ်     ဇူလိုင်    ၃၁ 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ၃၀.၇.၂၀၂၄ရက်နေ့၊ နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိရေဘေးရှောင်စခန်းအားသွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊အမှတ်(၁၂)ရပ်ကွက်၊ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီအတွင်းရှိ ရေကြည်ဦးဓမ္မာရုံတွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင် အိမ်ထောင်စု (၄၅)စု၊ လူဦးရေ(၁၇၁)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ယာယီရေဘေးရှောင်ပြည်သူများအနေဖြင့်  ဝမ်းလျှောဝမ်းပျက်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါများမဖြစ်ပွားစေရေး အထူးဂရုပြုနေထိုင်ကြရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေးတာဝန် ရှိသူများအားမှာကြားခဲ့ကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်များထောက်ပံ့ပေးအပ်ခဲ့ပြီး စေတနာရှင်အလှူရှင်များမှ  လှူဒါန်းသည့် ညနေစာ ထမင်းနှင့်ဟင်းလျာများပေးဝေနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။

31-Jul-2024