ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၃၀

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့်  ဘောလုံးပြိုင်ပွဲသည် ပုသိမ်ခရိုင်အတွင်း၌ရှိသည့်  မြို့နယ်အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားကို ကျောင်းသားအရွယ်မှစတင်ပြီး လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် အခြေခံအဆင့်ကစပြီး ပြိုင်ပွဲကျင်းပပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးအားကစားသမားများအနေဖြင့်  အားကစားသမားအချင်းချင်းချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေးအစရှိသည့်  ရည်ရွယ်ချက်များအပြင် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သည့်  ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့်  ပြိုင်ပွဲဖြစ်သည့့်အတွက် ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများအနေဖြင့်  အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ၂၀၂၄ခုနှစ်၊ ဧရာတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးကာ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပန်းပွားအကနှင့် ကရင်ဒုံးယိမ်းအက၊ Fitness Dance အဖွဲ့တို့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအကအဖွဲ့များနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ သာပေါင်းမြို့နယ်(ခ)အသင်းနှင့် ငပုတောမြို့နယ်(ခ)အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌဖလား၊ အခြေခံ ပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ကို ၃၀.၇.၂၀၂၄မှ ၁၂.၈.၂၀၂၄ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့သို့သွားရောက်၍ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း ဝိသုဒ္ဓါရာမမြို့မမင်းကျောင်းတွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယခုလ(၂၁)ရက်နေ့မှ စတင်ကာပြောင်းရွှေနေထိုင်သည့်  အိမ်ထောင်စု( ၁၀၆)စု၊ လူဦးရေ(၄၂‌၀)တို့အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ယာယီရေဘေးရှောင်ပြည်သူများအတွက် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းသားကျောင်းသူများ အားစာသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်မှာကြားခဲ့ပြီး ဆန်၊ ဆီများထောက်ပံ့ပေးအပ်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအားလျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင် ငဝန်မြစ်ရေမြင့်တက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။

30-Jul-2024