ပုသိမ်မြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲအခမ်းအနားကျင်းပ
ပုသိမ် ဇူလိုင် ၃၀
၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ဦးစီးကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများက ကိုးသိန်းအားကစားကွင်းမှ စတင်ကာ မဟာဗန္ဓုလလမ်းမကြီး၊ ပုသိမ်-ရန်ကုန်လမ်းမကြီးအတိုင်း၊ ပုသိမ်မြို့အဝင်မှ ပြန်လှည့်ကာ ကိုးသိန်းအားကစားကွင်းသို့ ပန်းဝင်လာရာ အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နံပါတ် ၀၆၉၊ မောင်အောင်ပိုင်ဖြိုး၊ အထက- ၃ (ပုသိမ်) ပထမ၊ ပြိုင်ပွဲဝင်နံပါတ် ၄၁၇၊ မောင်ရန်နိုင်ကျော် (ဝါးခယ်မ) ဒုတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၆၉၊ မောင်အေးကျော် (မအူပင်) တတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၄၆၊ မောင်ကျော်ဇင်မင်း(ကန်ကြီးထောင့်)စတုတ္ထ၊ ပြိုင်ပွဲဝင်နံပါတ်၅၀၀၊ မောင်ကျော်ဇင်သန့်၊ (ပုသိမ်) ပဥ္စမနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နံပါတ် ၄၈၃၊ မနှင်းဝေဖြိုး (မြန်အောင်) ပထမ၊ ပြိုင်ပွဲဝင်နံပါတ် ၀၂၃၊ မပြည့်ဖြိုးစံ၊ (အထက-၁ ပုသိမ်) ဒုတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၅၁၊ မယမင်းအေး (ဖျာပုံ) တတိယ၊ ပြိုင်ပွဲဝင်နံပါတ် ၄၅၂၊ မနော်လင်းထက်ထက်အောင် (ဖျာပုံ) စတုတ္ထ၊ ပြိုင်ပွဲဝင်နံပါတ် ၅၀၇၊ မမေသက်နှင်း(ရေကြည်) ပဥ္စမနှင့် ကျန်ပြိုင်ပွဲဝင်များမှ အစဉ်လိုက်ကိုးသိန်းအားကစားကွင်းသို့ အသီးသီးပြန်လည်ပန်းဝင်ရောက်ခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးလည်းကောင်း၊ အမျိုးသားမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် ဇွဲဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆုငွေများဆက်လက်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အမျိုးသား၊ အမျိုးသမီးမိုက်ခရိုမာရသွန်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ဦး၊ မြို့နယ်များမှအားကစားသမား၁၀၀ ကျော်၊ စုစုပေါင်းပြိုင်ပွဲဝင် ၅၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။