ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများရေထိုးမှုအခြေအနေ နှင့် ငဝန်တာ တာအိတာလျောခြင်းတို့အားကြည့်ရှုစစ်ဆေး

ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်တွင် ယခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများရေထိုးမှုအခြေအနေများ နှင့် ငဝန်တာ တာအိတာလျောခြင်းတို့အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ  မဲဇလီကုန်း-ထူးကြီးဘူတာအကြားမိုင်တိုင် (၁၄၀/၁၀-၁၁) ကြားရှိ တံတားအမှတ်(၇၈)(၃ ×၂၀’) ခန်းဖွင့်တံတားသည် ယခုလ၂၆နေ့တွင် တံတားသံဘောင်အောက်ခြေ (၄")ခန့်ရေထိုးပြီး ၂၇ ရက်နေ့၌ တံတားသံဘောင်အပြည့်ရေထိုးကာ တံတားချဉ်းကပ်တစ်ဖက်စီတွင် အလျား(၅၀၀)ပေခန့် သံလမ်းမျက်နှာပြင်နှင့်အညီ ရေနစ်မြုပ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက ရထားလမ်းရေနစ်မြုပ်မှုအခြေအနေများနှင့် ရထားပြေးဆွဲရပ်နားထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ မဲဇလီကုန်း-ထူးကြီး ရထားလမ်းမိုင်တိုင် ၁၄၀/၁၀ နှင် ၁၄၀/၁၁ အကြားရှိတံတားအမှတ်(၇၈)တွင်  တံတားအောက်ခြေသံဘောင်အား ရေတိုးနေ၍ ရထားဖြတ်သန်းရန် အန္တရာယ်ရှိနိုင်ပါသဖြင့် အမှတ်(၁၈၁) အဆန်၊ အမှတ်(၁၈၂)အစုန်၊ ပုသိမ်-ဟင်္သာတ -ကြံခင်းရထားများအား ယနေ့မှစတင်၍ ယာယီရပ်နားထားမည်ဖြစ်ပါကြောင်းသိရသည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန် ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၊ ငဝန်ဗောဓိတာမိုင်အမှတ်  (၄၃/၄)မိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ငဝန်တာအရှည် (၇၀)ပေခန့်၊ လျှောစောက် (၃၂)ခန့်မှ (၂)ပေခန့် တာအိတာလျှောခြင်း ဖြစ်ပွားသည့်နေရာ၌  တာအိတာလျှောခြင်းထပ်မံမဖြစ်ပေါ်ရန်အတွက် တုတ်ရိုက်ဂန်းထောက်ခြင်း၊ သဲအိတ်စီခြင်း၊ အမိုးမိုးခြင်းများဆောင်ရွက်ထားသည်များကို သွားရောက်ကြည့်၍ တာအိတာလျှောခြင်း ထပ်မံမဖြစ်စေရေး လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ပြီး ငဝန်တာကြံ့ခိုင်မှုအခြေအနေနှင့် ငဝန်မြစ်ရေဝင်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ရေကင်းတဲစောင့်ကြပ်သူများနှင့် တာတမံကြံ့ခိုင်ရေးပါဝင်ဆောင်သူများအား စားသောက်ဖွယ်ရာများနှင့်ရေသန့်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

27-Jul-2024