တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွား သင်တန်းတက်ရောက်လျက်ရှိသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၊ ပုသိမ်မြို့ပေါ်ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းရှိ/မရှိ၊ ကျသင့်အခွန်နှင့်မြေပြင်အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင် ပုသိမ်မြို့နယ်ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတက်​ရောက်လျှက်ရှိသည့် သင်တန်းသား ဆရာတော်၊ သံဃာတော် အရှင်သူမြတ် (၁၇၀)ပါးအား  ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက သင်တန်းသား ဆရာတော်သံဃာတော်အရှင်သူမြတ်များအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့ပေါ်ရှိ Cafe Cafe Bakery & Restaurant ၊ စွမ်းဟိုတယ်နှင့် ရွှေမြင်းပုသိမ်ဟာလဝါ ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအပေါ် အခွန်ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ခြင်း ရှိ/မရှိ၊ ကျသင့်အခွန်နှင့် မြေပြင်အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့်အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝ ကောက်ခံရရှိရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းများ အား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပေးရှင်းလင်း၍ တာဝန်သိသိလိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရေး စည်းရုံးဆောင်ရွက်ရန်၊ စည်းကြပ် ကောက်ခံသည့်အခွန်များ၊ လစဉ်ပေးသွင်းရမည့်အခွန်များအား သက်ဆိုင်ရာဌာနများက အပြည့် အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များက လိုက်နာခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်ရန်နှင့် အခွန်ဘဏ္ဍာငွေများပြည့်ဝစွာရရှိရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

04-Jul-2024