ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျော်) မြေမြုပ်ထည့်သွင်းမှုများအား ကြည့်ရှုအားပေး
ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၉.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်တက္ကသိုလ်ဘောလုံးအားကစားကွင်းကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ဥပဒေဘာသာရပ် ဘောလုံးအသင်းနှင့် ရူပဗေဒဘာသာရပ် ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ရူပ ဗေဒဘာသာရပ်ဘောလုံးအသင်းက ဥပဒေဘာသာရပ်ဘောလုံးအသင်းအား လေးဂိုးသုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ဂိုးအကောင်းဆုံးဆု၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပုသိမ်တက္ကသိုလ်ပါမာက္ခ၊ ဌာနမှူးများကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တတိယဆုရရှိသည့် ဓာတုဗေဒဘာသာရက်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် Dr.မိုးမိုးအေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဥပဒေဘာသာရပ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် Dr.ခိုင်လယ်ဝင်းကလည်းကောင်း၊ ပထမဆုရရှိသည့် ရူပ ဗေဒဘာသာရပ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းကလည်းကောင်းချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်းဝင်းက ပြိုင်ပွဲဝင်အသင်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများေပးအပ်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ရူပဗေဒအသင်းအား ဂုဏ်ပြုဆုဖလားကို ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးလှမြင့်၏ စိုက်ဧက (၅.၄၅)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) မြေမြုပ်ထည့်သွင်းမှုများအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် ဓါတ်မြေသြဇာသုံးစွဲရမှုလျော့နည်းလာခြင်း၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာအချိုးကျထည့်သွင်းသုံးစွဲခြင်း၊ အောင်မြင်ဖြစ်ထွန်းမှု၊ အထွက်နှုန်းများနှင့် သုတေသနပြုလုပ်ငန်းများအား စနစ်တကျမှတ်တမ်းထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။