ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

(၃၇)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗဟိုအဆင့်နှင့် တိုင်းအဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား ရဲတပ်ဖွဲ့ဝင်များက “မူးယစ်ကင်းစင်မြန်ပြည်တစ်ခွင်”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“မူးယစ်ဆေးဝါး ပြဿနာသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုး မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် သက်ဆိုင်ပြီး လူသားတစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင် နေသည့် ပြဿနာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အထိမ်းအမှတ်နေ့ရောက်တိုင်း မူးယစ်ဆေးဝါး၏ ဆိုးကျိုးပြဿနာများကို လူထုအတွင်း ထိုးဖောက်သိမြင်ပြီး ရှောင်ရှားနိုင်အောင် တစ်နှစ်ထက်တစ်နှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် တစ်နိုင်ငံလုံးတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ယခုနှစ်ပါဆိုလျှင် (၃၇) ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ခေတ်စနစ်နှင့်အညီ လိုက်လျှောညီထွေရှိစေရန် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဘက်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသည့် ပြည်သူ ပြည်သားများကလည်း တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး လုပ်ငန်းများတွင် ယခုထက်ပိုပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊  မူးယစ်ဆေးဝါးအန္တရာယ်ကိုအမြစ်ပြတ် တိုက်ဖျက်ချေမှုန်းနိုင်ရန်အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့မှ အမျိုးသားရေးတာဝန်သိစိတ်ဖြင့်ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီ ကြိုးပမ်းကာကွယ်တိုက်ဖျက် ဆောင်ရွက်သွားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားခဲ့သည်။ 

ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ဖတ်ကြားသည်။

ထို့နောက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗဟိုအဆင့်ဆောင်းပါး(ဒုတိယ)၊ ဗဟိုအဆင့် မူလတန်းပန်းချီ(တတိယ)၊ ဗဟိုအဆင့် အလယ်တန်းကွန်ပျူတာပန်းချီ(တတိယ)နှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောတပ်ဖွဲ့ဝင်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဗဟိုအဆင့်အထက်တန်းကွန်ပျူတာပန်းချီ(တတိယ)၊ ဗဟိုအဆင့် အလယ်တန်းကွန်ပျူတာပန်းချီ(အထူးဆု)၊ ဗဟိုအဆင့် ဝတ္ထုတို (အထူးဆု)၊ တိုင်းအဆင့်မူလတန်းပန်းချီ(ပထမ)၊ တိုင်းအဆင့်အလယ်တန်းပန်းချီ(ပထမ)ရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တိုင်းအဆင့် အထက်တန်းပန်းချီ(ပထမ)၊ တိုင်းအဆင့်မူလတန်းကာတွန်း(ပထမ)၊ တိုင်းအဆင့်အလယ်တန်းကာတွန်း(ပထမ)၊ တိုင်းအဆင့်အထက်တန်းကာတွန်း(ပထမ)၊ တိုင်းအဆင့်တက္ကသိုလ် ဆောင်းပါး (ပထမ)ဆုရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးက တိုင်းအဆင့်မူလတန်း ပိုစတာ(ပထမ)၊ တိုင်းအဆင့်အလယ်တန်း ပိုစတာ(ပထမ)၊ တိုင်းအဆင့် အထက်တန်း ပိုစတာ(ပထမ)၊ တိုင်းအဆင့် အလယ်တန်းကွန်ပျူတာပန်းချီ(ပထမ)၊ တိုင်းအဆင့် တက္ကသိုလ် စာစီစာကုံး (ပထမ)ဆုရရှိသူများ အားလည်းကောင်းဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍  ဆုရရှိသူများအား ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက ဆုများ ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ဆုရရှိရှိသည့် မှတ်တမ်းပုံများ၊ မူယစ်ဆေးဝါး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆာဗာအတွင်း လူဦးရေဆိုင်ရာအချက်အလက်များအားဖြည့်သွင်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“လမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းအား အခြေခံ၍ လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာများရှိ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများ၊ ပြောင်းဝင်ပြောင်းထွက်လူဦးရေစာရင်းများအား  တိုက်ဆိုင်စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် ပီပီပြင်ပြင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်းများ အမည်ရေးသွင်းမှု၊ ကိန်းဂဏန်းအချက်အလက် ရေးသွင်းမှုများ သည်လည်း စနစ်တကျမှန်ကန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း အဆင့်ဆင့်ကြပ်မတ်စစ်ဆေး ဆောင်ရွက်၍ ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း” မှာကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များကို ဖြည့်စွက်မှာကြားခဲ့သည်။

26-Jun-2024